Loading...
Friday, December 6, 2019
LocalWOW

၁၀နာရီေက်ာ္ၾကာ ေမ်ာပါသြားသည့္ ျမန္မာေရလုပ္သားကို ထိုင္းေရတပ္ကယ္တင္

Loading...

Breaking News
ပင္လယ္ျပင္အတြင္း ၁၀နာရီေက်ာ္ၾကာ ေမ်ာပါသြားသည့္ ျမန္မာေရလုပ္သားကို ထိုင္းေရတပ္ကယ္တင္

ၿငိမ္းခ်မ္း ဒီဇင္ဘာ ၄

Zawgyi

ထိုင္းနိုင္ငံ အေရွ႕ပိုင္း သရခရိုင္ရွိ ပင္လယ္ျပင္အတြင္း အခ်ိန္ ၁၀နာရီေက်ာ္ၾကာ ေမ်ာပါသြားသည့္ ျမန္မာေရလုပ္သား တစ္ဦးကို ထိုင္းေရတပ္က ရွာေဖြကယ္တင္ေပးခဲ့သည္။

ဒီဇင္ဘာ ၃ရက္ နံနက္ ၃နာရီခြဲအခ်ိန္တြင္ အသက္ ၃၅ႏွစ္အရြယ္ ျမန္မာေရလုပ္သား ထြန္းညီသည္ ထိုင္းငါးဖမ္းေလွတစ္စီးေပၚမွ ျပဳတ္က်၍ ပင္လယ္ျပင္အတြင္း ေမ်ာပါခဲ့သည္။

ထို့ေၾကာင့္ ထိုင္းေလွပိုင္ရွင္က ထိုင္းေရတပ္ဖြဲ႕ကိုအေၾကာင္းၾကားရာ ထိုင္းေရတပ္ဖြဲ႕က ပင္လယ္ျပင္အတြင္း လိုက္လံရွာေဖြခဲ့သည္။

Loading...

ရွာေဖြေနစဥ္ ပင္လယ္ျပင္၌ ရာသီဥတုဆိုးရြားၿပီး လွိုင္းႀကီးေန၍ ထိုင္း-ကေမၻာဒီးယား ေရၾကားရွိ ေရေၾကာင္းေစာင့္ၾကည့္ေရးတပ္ (265)ကို အေၾကာင္းၾကား၍ ဝိုင္းဝန္းရွာေဖြရာ ယင္းေန႔ ေန႔လယ္ ၁နာရီခြဲ အခ်ိန္တြင္ ေတြ႕ရွိခဲ့ေၾကာင္း ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

 

“ လွိုင္းေတြႀကီးေနလို့ သူတို့မွာ ရွာေဖြရခက္ေနတယ္ေျပာတယ္။ သူတို့မွာပါတဲ့ စက္ကိရိယာေတြ ေရေၾကာင္းၾကည့္တဲ့ မွန္ဘီလူးေတြ ရွာတာမွာ ေနာက္ဆုံးေတာ့ အသက္ရွင္လ်က္ ေတြ႕ခဲ့တာ”ဟု ၎က ေျပာသည္။

လက္ရွိတြင္ ကိုထြန္းညီကို ခ်န္ထဘူရီၿမိဳ့ေဆး႐ုံသို့ ပို့ေဆာင္ထားၿပီး အသက္အႏၲရာယ္မရွိေတာ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ဓာတ္ပုံ – North Part Gulf of Thailand

===

Unicode

Breaking News
ပင်လယ်ပြင်အတွင်း ၁၀နာရီကျော်ကြာ မျောပါသွားသည့် မြန်မာရေလုပ်သားကို ထိုင်းရေတပ်ကယ်တင်

ငြိမ်းချမ်း ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံ အရှေ့ပိုင်း သရခရိုင်ရှိ ပင်လယ်ပြင်အတွင်း အချိန် ၁၀နာရီကျော်ကြာ မျောပါသွားသည့် မြန်မာရေလုပ်သား တစ်ဦးကို ထိုင်းရေတပ်က ရှာဖွေကယ်တင်ပေးခဲ့သည်။

ဒီဇင်ဘာ ၃ရက် နံနက် ၃နာရီခွဲအချိန်တွင် အသက် ၃၅နှစ်အရွယ် မြန်မာရေလုပ်သား ထွန်းညီသည် ထိုင်းငါးဖမ်းလှေတစ်စီးပေါ်မှ ပြုတ်ကျ၍ ပင်လယ်ပြင်အတွင်း မျောပါခဲ့သည်။

ထို့ကြောင့် ထိုင်းလှေပိုင်ရှင်က ထိုင်းရေတပ်ဖွဲ့ကိုအကြောင်းကြားရာ ထိုင်းရေတပ်ဖွဲ့က ပင်လယ်ပြင်အတွင်း လိုက်လံရှာဖွေခဲ့သည်။

ရှာဖွေနေစဉ် ပင်လယ်ပြင်၌ ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးနေ၍ ထိုင်း-ကမ္ဘောဒီးယား ရေကြားရှိ ရေကြောင်းစောင့်ကြည့်ရေးတပ် (265)ကို အကြောင်းကြား၍ ဝိုင်းဝန်းရှာဖွေရာ ယင်းနေ့ နေ့လယ် ၁နာရီခွဲ အချိန်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ လှိုင်းတွေကြီးနေလို့ သူတို့မှာ ရှာဖွေရခက်နေတယ်ပြောတယ်။ သူတို့မှာပါတဲ့ စက်ကိရိယာတွေ ရေကြောင်းကြည့်တဲ့ မှန်ဘီလူးတွေ ရှာတာမှာ နောက်ဆုံးတော့ အသက်ရှင်လျက် တွေ့ခဲ့တာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုထွန်းညီကို ချန်ထဘူရီမြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ်မရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဓာတ်ပုံ – North Part Gulf of Thailand

Loading...