Loading...
Friday, December 6, 2019
LocalNews

ႏိုင္ငံ့ကိုယ္စား ICJ တရား႐ုံးမွာ သြားေရာက္ေျဖရွင္းမယ့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို ေထာက္ခံတဲ့ပြဲကို ရခိုင္ျပည္နယ္မွာ ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့ပါတယ္

Loading...

ႏိုင္ငံ့ကိုယ္စား ICJ တရား႐ုံးမွာ သြားေရာက္ေျဖရွင္းမယ့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို ေထာက္ခံတဲ့ပြဲကို ရခိုင္ျပည္နယ္မွာ ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။

ဂမ္ဘီယာႏိုင္ငံကေန ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈစြပ္စြဲခ်က္နဲ႔ ICJ မွာ တရားစြဲဆိုထားတဲ့အေပၚ ႏိုင္ငံ့ကိုယ္စားသြားေရာက္ေျဖရွင္းမယ့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံတဲ့အေနနဲ႔ ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕မွာ ဒီဇင္ဘာလ ၄ ရက္ေန႔ မနက္က လူထုေထာက္ခံပြဲ ျပဳလုပ္ခဲ့ပါတယ္။

Loading...

ဂမ္ဘီယာႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုၿပီး စြဲဆိုမႈအေပၚ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ ထိခိုက္တဲ့အတြက္ ႏိုင္ငံ့ေခါင္းေဆာင္နဲ႔အတူ တေသြးတည္း တသားတည္းရွိေၾကာင္းနဲ႔ တရားမွ်တမႈကို လိုခ်င္တဲ့အတြက္ အခုလိုေထာက္ခံတာလို႔ ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးခင္ရီက ေျပာပါတယ္။

တရားစြဲဆိုမႈနဲ႔ပတ္သက္ၿပီး နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕မွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ၾကားနာသြားမွာျဖစ္ပါတယ္။

အဲ့ဒီလူထုေထာက္ခံပြဲကို ဒီကေန႔မနက္၈နာရီက ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕ရွိ ေအာင္ေစတီဓမၼဗိမာန္ဝင္းအတြင္းမွာ လူဦးေရ ၈၀ ခန႔္က We Stand With Our Leader, We Stand With Justice, We Stand With Our State Counsellor စတဲ့ စာတမ္းပါ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ၿပီး ေထာက္ခံခဲ့ၾကပါတယ္။

Source _ ယူမင္းစိုး

===

Unicode

နိုင်ငံ့ကိုယ်စား ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံတဲ့ပွဲကို ရခိုင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့အပေါ် နိုင်ငံ့ကိုယ်စားသွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်က လူထုထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွဲဆိုမှုအပေါ် နိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင်နဲ့အတူ တသွေးတည်း တသားတည်းရှိကြောင်းနဲ့ တရားမျှတမှုကို လိုချင်တဲ့အတွက် အခုလိုထောက်ခံတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးခင်ရီက ပြောပါတယ်။

တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာသွားမှာဖြစ်ပါတယ်။

အဲ့ဒီလူထုထောက်ခံပွဲကို ဒီကနေ့မနက်၈နာရီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ အောင်စေတီဓမ္မဗိမာန်ဝင်းအတွင်းမှာ လူဦးရေ ၈၀ ခန့်က We Stand With Our Leader, We Stand With Justice, We Stand With Our State Counsellor စတဲ့ စာတမ်းပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ထောက်ခံခဲ့ကြပါတယ်။

Source _ ယူမင်းစိုး

Loading...