Loading...
Friday, December 6, 2019
LocalWOW


Loading...


Zawgyi







Loading...





===

Unicode

ဒီနေ့ကိုယ်တွေ့ဖြစ်ရပ်လေးရေးပြပါရစေ

ကလေးစာပေပွဲတော်သွား ပြန်လာပြီးအိမ်မှာခဏနား ပြီးမီးပူတိုက်နေချိန်မှာဘဲလ်သံကြားလို့ဖွင့်ကြည့်တော့ညီမရဲ့သားTTCမှာကျောင်းတက်တဲ့တူလေးဖြစ်နေတယ် သူကရှစ်တန်းပေါ့။

သားရေဘာဖြစ်လို့အိမ်မပြန်လဲမေးတော့ သားခေါင်းအရမ်းမူးပြီးမဟန်နိုင်တော့လို့ကားပေါ်ကအမြန်ဆင်းခဲ့တာသူကခါတိုင်းလည်းလိုင်းကားစီးပြီးပြန်နေကျ သူ့အမေကမှတ်တိုင်မှာစောင့်ကြိုတာအသွားမှာတော့အဖေကဝင်ပို့တာလေ။

ကျောင်းကအပြန်ဆင်ရေတွင်းမှတ်တိုင်ရောက်တော့မိန်းမတစ်ယောက်အနားကပ်လာပြီးလက်မောင်းမှာစူးကနဲဖြစ်သွားတယ် မကြာဘူးသားလည်းနဲနဲမူးလာတယ်။

ဒါနဲ့မေမေကြိုနေတဲ့မှတ်တိုင်ရောက်အောင်မသွားနိုင်တော့ ကြီးကြီးအိမ်မှာဆင်းလိုက်တာတဲ့လေ ကျမလည်းသူ့ကိုမေးတော့ အဲဒီမိန်းမလည်းသူဆင်းတော့လိုက်ဆင်းလာတယ်။

သူလည်းအပြေးအိမ်ပေါ်တက်ခဲ့တာ လို့ပြောအပြီးမေ့လဲသွားပါတယ်။လက်မောင်းမှာဆေးထိုးအပ်ရာလေးနီနေပါတယ် ကျမလည်းသူ့ကိုအမေနဲ့ခဏထား မှတ်တိုင်ကိုဆင်းကြည့် ကလေးပြောတဲ့မိန်းမကိုတွေ့ ဘာလုပ်ရမှန်းမသိ။

ဓါတ်ပုံသာခိုးရိုက်နေရင်း အဲဒီမိန်းမ ရိပ်မိသွားပုံရ ကားပေါ်တက်ပြေးပါလေရော အဲတော့မှ ကျမညံ့သွားပြီလို့သိလိုက်ရ မျက်နှာတောင်မပေါ်လိုက်ဘူး။

သူ့အမေဆီအကြောင်းကြား ချိန် ကလေးကသတိမရသေး တော်သေးတယ်လို့ပြောရမလားအချိန်မီသားလေးကသတိရှိလို့ အဲဒီမိန်းမနောက်ပါမသွားတာ သူ့အမေကလည်း မှတ်တိုင်မှာ စောင့်တာနာရီဝက်လောက် အချိန်လွန်လို့စိတ်ပူနေပြီ ဖုန်းကလည်းပါမလာခဲ့ဆိုတော့ဆက်သွယ်မရ ကိုယ်တိုင်သွား ခေါ်ခဲ့ရ တာ။

အခုဒီအကြောင်းရေးချိန်မှာညီမသူ့သားနိုးလို့ပြန်ခေါ်သွားပါပြီ ပြောချင်တာက မိဘများ သိရှိစေဖို့ပါ အခုတလော ကလေးပျောက်မှုများနေလို့ သတိထား ကြဖို့ပါ။

၄၅မီနစ်လောက် မေ့နေတာခေါ်မရ သူ့အမေရောက်လာပြီး ဟိုဒီဖုန်းဆက်ပေါ့ စိတ်ပူသွားတာ ဘယ်တိုင်ရမှန်းမသိ ဟိုမိန်းမ တွေ့ရဲ့သားနဲ့ ဓါတ်ပုံမရလိုက် စိတ်ပျက် မိပါ၏ သတိထားကြပါမိဘများ ရှင့်။

Source _  Daw Moe Moe Htet FB

Loading...