Loading...
Friday, December 6, 2019
TechWOW

ဓာတ္လိုက္ၿပီး ေသဆုံးသြားတဲ့ သားေလးကို၊ယူႀကဳံးမရ ဖက္ၿပီးငိုေနရွာတဲ့ မိခင္

Loading...

Zawgyi

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၁၀)ရက္က အင္ဒိုနီးရွား သတင္းစာမ်က္ႏွာေတြထက္မွာ ကေလးမိခင္တစ္ဦးဟာ မေတာ္တဆ ဓာတ္လိုက္ၿပီးေသဆုံးသြားတဲ့သားေလးကို ယူႀကဳံးမရ ဖက္ၿပီး ဝမ္းနည္းစြာ ငိုေႂကြးေနတဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္မွ ပ်ံ႕ႏွံ႔ လာခဲ့ပါတယ္။

အဆိုပါကေလးမိခင္ဟာေသဆုံးသြားတဲ့ သားေလးကို အေမ့ဆီျပန္လာခဲ့ပါဆိုၿပီး ေအာ္ငိုေနခဲ့တာပါ၊ သူမဟာ အင္ဒိုအမ်ိဳးသမီးတစ္ေယာက္ ျဖစ္လင့္ကစား၊ ဗြီဒီယိုဖိုင္ကေတာ့မေလးရွား လူမႈကြန္ရက္တစ္ခုကေန စတင္ပ်ံ႕ႏွံ႔လာခဲ့တာလို႔ ဆိုပါတယ္။

Loading...

ကေလးရဲ႕အမည္မွာ Arfan လို႔ သိရပါတယ္။ ကေလးဟာ သူ႔ဘာသာသူဘာသာဘာဝ ၾကမ္းျပင္ေပၚမွာ ေလွ်ာက္ကစားေနရင္း၊ ဖုန္းအားသြင္းတဲ့ ႀကိဳးကိုေတြ႕ၿပီး ေဆာ့ကစားခဲ့တာပါ။ အဲဒီအားသြင္းႀကိဳးဟာ ပလပ္မွာတပ္လွ်က္တန္းလန္းျဖစ္ေနပါတယ္။ ဒီၾကားထဲ ပလပ္ရဲ႕မိန္းခလုတ္ကိုလည္း မိဘေတြက ပိတ္မထားခဲ့ပါဘူး။

ဒီလိုနဲ႔ Arfan တစ္ေယာက္ ဆိုးဆိုး႐ြား႐ြားဓာတ္လိုက္ခံလိုက္ရပါတယ္။ မိခင္က ေညႇာ္နံ႔ေတြထြက္လာမွ သားျဖစ္သူ ဓာတ္လိုက္ၿပီး သတိေမ့ေနတာကို ေတြ႕လိုက္ရတာပါ။ ကေလးကိုIndramayu မွာတည္ရွိတဲ့ ျပည္သူ႔ေဆး႐ုံဆီ အျမန္ေခၚသြားခဲ့ေပမယ့္ အသက္ကိုေတာ့ မကယ္တင္ႏိုင္ လိုက္ပါဘူး။

ဒီျဖစ္စဥ္ကို ၾကည့္ျခင္းအားျဖင့္ဘယ္အိမ္မွာပဲျဖစ္ျဖစ္၊ လွ်ပ္စပ္နဲ႔အသုံးျပဳရတဲ့ မီးႀကိဳးေတြ၊ ပလပ္ခုံေတြကို ၾကမ္းျပင္ေပၚမွာ ျဖစ္သလိုထားၿပီး အသုံးျပဳျခင္းကို ေရွာင္ရွားဖို႔လိုေနတာကိုသတိထားသင့္ပါတယ္။

အိမ္မွာ ကေလးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ လွ်ပ္စစ္ကို စနစ္တက် သုံးစြဲျခင္းက ေဘးကင္းေစမွာ ျဖစ္ပါတယ္ေနာ္။

ခရက္ဒစ္

===

Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်က အင်ဒိုနီးရှား သတင်းစာမျက်နှာတွေထက်မှာ ကလေးမိခင်တစ်ဦးဟာ မတော်တဆ ဓာတ်လိုက်ပြီးသေဆုံးသွားတဲ့သားလေးကို ယူကြုံးမရ ဖက်ပြီး ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှ ပျံ့နှံ့ လာခဲ့ပါတယ်။

အဆိုပါကလေးမိခင်ဟာသေဆုံးသွားတဲ့ သားလေးကို အမေ့ဆီပြန်လာခဲ့ပါဆိုပြီး အော်ငိုနေခဲ့တာပါ၊ သူမဟာ အင်ဒိုအမျိုးသမီးတစ်ယောက် ဖြစ်လင့်ကစား၊ ဗွီဒီယိုဖိုင်ကတော့မလေးရှား လူမှုကွန်ရက်တစ်ခုကနေ စတင်ပျံ့နှံ့လာခဲ့တာလို့ ဆိုပါတယ်။

ကလေးရဲ့အမည်မှာ Arfan လို့ သိရပါတယ်။ ကလေးဟာ သူ့ဘာသာသူဘာသာဘာဝ ကြမ်းပြင်ပေါ်မှာ လျှောက်ကစားနေရင်း၊ ဖုန်းအားသွင်းတဲ့ ကြိုးကိုတွေ့ပြီး ဆော့ကစားခဲ့တာပါ။ အဲဒီအားသွင်းကြိုးဟာ ပလပ်မှာတပ်လျှက်တန်းလန်းဖြစ်နေပါတယ်။ ဒီကြားထဲ ပလပ်ရဲ့မိန်းခလုတ်ကိုလည်း မိဘတွေက ပိတ်မထားခဲ့ပါဘူး။

ဒီလိုနဲ့ Arfan တစ်ယောက် ဆိုးဆိုးရွားရွားဓာတ်လိုက်ခံလိုက်ရပါတယ်။ မိခင်က ညှော်နံ့တွေထွက်လာမှ သားဖြစ်သူ ဓာတ်လိုက်ပြီး သတိမေ့နေတာကို တွေ့လိုက်ရတာပါ။ ကလေးကိုIndramayu မှာတည်ရှိတဲ့ ပြည်သူ့ဆေးရုံဆီ အမြန်ခေါ်သွားခဲ့ပေမယ့် အသက်ကိုတော့ မကယ်တင်နိုင် လိုက်ပါဘူး။

ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်ဘယ်အိမ်မှာပဲဖြစ်ဖြစ်၊ လျှပ်စပ်နဲ့အသုံးပြုရတဲ့ မီးကြိုးတွေ၊ ပလပ်ခုံတွေကို ကြမ်းပြင်ပေါ်မှာ ဖြစ်သလိုထားပြီး အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုနေတာကိုသတိထားသင့်ပါတယ်။

အိမ်မှာ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လျှပ်စစ်ကို စနစ်တကျ သုံးစွဲခြင်းက ဘေးကင်းစေမှာ ဖြစ်ပါတယ်နော်။

ခရက်ဒစ်

Loading...