Loading...
Friday, December 6, 2019
LocalNews

လာမည္႕႐ုံးခ်ိန္းတြင္ ဆရာမႏွင္းႏုအပါအဝင္ ၃ ဦးကိုစစ္ေဆးသြားမည္…

Loading...

Zawgyi

ဗစ္တိုးရီးယားအမႈကို လာမယ့္ ဒီဇင္ဘာ ၁၈ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုလိုက္ၿပီး ဒီ႐ုံးခ်ိန္းမွာ သက္ေသေတြအျဖစ္ အမ်ားစိတ္ဝင္စားေနတဲ့ Wisdom Hill ေက်ာင္းက ဆရာမႏွင္းႏုအပါအဝင္ ဆရာမ ၃ ေယာက္ကို စစ္ေဆးသြားမယ္လို႔ ဗစ္တိုးရီးယားရဲ႕ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။

ဒီကေန႔ ဗစ္တိုးရီးယားအမႈ ၁၂ ႀကိမ္ေျမာက္႐ုံးခ်ိန္းအၿပီးမွာ မီဒီယာေတြကို ေျပာတာပါ။“၁၈ ရက္ေန႔ ႐ုံးခ်ိန္းကက်ေတာ့ ဆရာမႏွင္းႏုနဲ႔ ေနာက္ထပ္ သက္ေသ ေက်ာင္းဆရာမ ႏွစ္ေယာက္ေပါ့။

ဆရာ မႏွင္းႏုအေနနဲ႔ ဘာေတြထြက္ဆိုမလည္း ေစာင့္ၾကည့္ရမွာပဲ။ ဆရာမႏွင္းႏု က ဘယ္ေလာက္အတိုင္းအတာထိ ထြက္ဆိုခ်က္ေပးႏိုင္မလည္း ဒါမ်ိဳးေတြၾကည့္ရမယ္၊ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ႏွစ္ဖက္ သက္ေသေတြလည္း ရွိေနေသးတာျဖစ္တဲ့အတြက္ တေန႔ေန႔ တခ်ိန္ခ်ိန္မွာေတာ့ အားလုံးေပၚလာမွာပါ” လို႔ ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။

Loading...

၁၈ ရက္ေန႔မတိုင္ခင္ ၁၇ ရက္ေန႔မွာ CID က ရဲမႈးၿငိမ္းခ်မ္းေအာင္၊ ျမန္မာႏိုင္ငံ ကြန္ပ်ဳတာ ပညာရွင္မ်ားအသင္း ဥကၠဌ ဦးမင္းေဇယ်ာလႈိင္၊ ဦးျပည့္ၿဖိဳးေအာင္၊ ကိုမိုးတို႔ ေလးဦးက CCTV မွတ္တမ္းေတြ ျပန္ေဖာ္ထုတ္ၾကမယ္လို႔လည္း ဆိုပါတယ္။

“လာမယ့္ ၁၇ ရက္ေန႔မွာ အဲလူေတြအားလုံးက ဒီတရား႐ုံးမွာ ေလးေယာက္လုံး လာစုံမယ္၊ စုံၿပီးရင္ DVR+Hardisk ကို ျပန္ၿပီးေဖာ္ထုတ္မယ္။ ၿပီးေတာ့ နည္းပညာဆိုင္ရာ ပစၥည္းကိရိယာ ေတြလည္း ယူလာၿပီးေတာ့ ဒါ ႀကီးကို ေဖာ္ထုတ္ၾကမယ္” လို႔ ေဒၚ႐ြက္ႏုေအာင္က ေျပာပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာေတာ့ ၿပီးခဲ့တဲ့ ၁၁ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ စစ္ေဆးတာ မၿပီးေသးတဲ့ Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္နဲ႔ ေက်ာင္းဆရာမႏွစ္ဦးကို စစ္ေဆးခဲ့ပါတယ္။

Source – Myanmar Daily

===

Unicode

ဗစ်တိုးရီးယားအမှုကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ဒီရုံးချိန်းမှာ သက်သေတွေအဖြစ် အများစိတ်ဝင်စားနေတဲ့ Wisdom Hill ကျောင်းက ဆရာမနှင်းနုအပါအဝင် ဆရာမ ၃ ယောက်ကို စစ်ဆေးသွားမယ်လို့ ဗစ်တိုးရီးယားရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဒီကနေ့ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ်မြောက်ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောတာပါ။“၁၈ ရက်နေ့ ရုံးချိန်းကကျတော့ ဆရာမနှင်းနုနဲ့ နောက်ထပ် သက်သေ ကျောင်းဆရာမ နှစ်ယောက်ပေါ့။

ဆရာ မနှင်းနုအနေနဲ့ ဘာတွေထွက်ဆိုမလည်း စောင့်ကြည့်ရမှာပဲ။ ဆရာမနှင်းနု က ဘယ်လောက်အတိုင်းအတာထိ ထွက်ဆိုချက်ပေးနိုင်မလည်း ဒါမျိုးတွေကြည့်ရမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နှစ်ဖက် သက်သေတွေလည်း ရှိနေသေးတာဖြစ်တဲ့အတွက် တနေ့နေ့ တချိန်ချိန်မှာတော့ အားလုံးပေါ်လာမှာပါ” လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

၁၈ ရက်နေ့မတိုင်ခင် ၁၇ ရက်နေ့မှာ CID က ရဲမှုးငြိမ်းချမ်းအောင်၊ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ဥက္ကဌ ဦးမင်းဇေယျာလှိုင်၊ ဦးပြည့်ဖြိုးအောင်၊ ကိုမိုးတို့ လေးဦးက CCTV မှတ်တမ်းတွေ ပြန်ဖော်ထုတ်ကြမယ်လို့လည်း ဆိုပါတယ်။

“လာမယ့် ၁၇ ရက်နေ့မှာ အဲလူတွေအားလုံးက ဒီတရားရုံးမှာ လေးယောက်လုံး လာစုံမယ်၊ စုံပြီးရင် DVR+Hardisk ကို ပြန်ပြီးဖော်ထုတ်မယ်။ ပြီးတော့ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာ တွေလည်း ယူလာပြီးတော့ ဒါ ကြီးကို ဖော်ထုတ်ကြမယ်” လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်ရုံးချိန်းမှာ စစ်ဆေးတာ မပြီးသေးတဲ့ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။

Source – Myanmar Daily

Loading...