Loading...
Friday, December 6, 2019
LocalNews

ရခိုင္တြင္ ဆြဲမိုင္းထိ၍ ဗိုလ္ႀကီးေက်ာ္ဇင္လွ က်ဆုံး RIP ပါဗ်ာ

Loading...

Zawgyi

ရခိုင္တြင္ ဆြဲမိုင္းထိ၍ ဗိုလ္ႀကီးေက်ာ္ဇင္လွ က်ဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၂၀

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ AA တိုက္ပြဲအတြင္း တပ္မေတာ္မွ ဗိုလ္ႀကီးေက်ာ္ဇင္လွ တိုက္ပြဲက်ဆုံးသြားေၾကာင္း မိသားစုဝင္မ်ားႏွင့္နီးစပ္သူမိတ္ေဆြမ်ားထံမွ သိရွိရသည္။

ႏိုဝင္ဘာ ၁၉ ရက္ေန႔က ဗိုလ္ႀကီးေက်ာ္ဇင္လွ က်ဆုံးသြားျခင္းျဖစ္ၿပီး သူသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၅၄ ေက်ာင္းဆင္းျဖစ္ေၾကာင္း သိရွိရသည္။

“ဗိုလ္ႀကီးေက်ာ္ဇင္လွနဲ႔က ေမာင္ႏွမလိုေနခဲ့တာ။ ညက ဖုန္းလာတယ္။ ရခိုင္မွာ တိုက္ပြဲက်တယ္။ ဒီမနက္ေတာ့ မိသားစုေတြက ရခိုင္ကို လိုက္သြားၾကလိမ့္မယ္။အရမ္းေသာက ေရာက္ေနလို႔ ဘာမွ ေျပာႏိုင္ေလာက္မွာမဟုတ္ဘူး” ဟု ဗိုလ္ႀကီးေက်ာ္ဇင္လွႏွင့္ မိတ္ေဆြတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

တပ္မေတာ္သတင္းရပ္ကြက္ဘက္ကမူ ဆြဲမိုင္းထိျခင္းေၾကာင့္ ျဖစ္သည္ဟု ၾကားသိရေၾကာင္း ေျပာဆိုသည္။အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးကို ရန္ကုန္ေခတ္သစ္သတင္းဌာနက ယင္းကိစၥႏွင့္ ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းကုိ လက္ခံဖြင့္ထားေသာ္လည္း စကားတုံ႔ျပန္ေျပာဆုိျခင္းမရွိေပ။

ရခုိင္တပ္မေတာ္AA မွ ခုိင္သုခကုိ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေသာ္လည္း လက္ခံေျဖဆုိျခင္းမျပဳေပ။

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္၊ ေန႔လယ္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊”သရက္တပင္႐ြာတံတား”အနီးတြင္ ေက်ာက္ေတာ္အေျခစိုက္၊ေျချမန္တပ္ရင္း ၃၇၄ ယာဥ္တန္းကို AA က မိုင္းခြဲတိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ ခမရ ၃၇၄ မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီးရန္ေနာင္ဝင္းက်ဆုံးခဲ့ေၾကာင္း AA ႏွင့္ တပ္မေတာ္ ႏွစ္ဖက္စလုံးက သတင္းထုတ္ျပန္ခဲ့သည္။

Photo Credit – ဗိုလ္ႀကီးေက်ာ္ဇင္လွ၏ မိတ္ေဆြ။

===

Unicode

ရခိုင်တွင် ဆွဲမိုင်းထိ၍ ဗိုလ်ကြီးကျော်ဇင်လှ ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲအတွင်း တပ်မတော်မှ ဗိုလ်ကြီးကျော်ဇင်လှ တိုက်ပွဲကျဆုံးသွားကြောင်း မိသားစုဝင်များနှင့်နီးစပ်သူမိတ်ဆွေများထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဗိုလ်ကြီးကျော်ဇင်လှ ကျဆုံးသွားခြင်းဖြစ်ပြီး သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

Loading...

“ဗိုလ်ကြီးကျော်ဇင်လှနဲ့က မောင်နှမလိုနေခဲ့တာ။ ညက ဖုန်းလာတယ်။ ရခိုင်မှာ တိုက်ပွဲကျတယ်။ ဒီမနက်တော့ မိသားစုတွေက ရခိုင်ကို လိုက်သွားကြလိမ့်မယ်။အရမ်းသောက ရောက်နေလို့ ဘာမှ ပြောနိုင်လောက်မှာမဟုတ်ဘူး” ဟု ဗိုလ်ကြီးကျော်ဇင်လှနှင့် မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တပ်မတော်သတင်းရပ်ကွက်ဘက်ကမူ ဆွဲမိုင်းထိခြင်းကြောင့် ဖြစ်သည်ဟု ကြားသိရကြောင်း ပြောဆိုသည်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းကိစ္စနှင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကို လက်ခံဖွင့်ထားသော်လည်း စကားတုံ့ပြန်ပြောဆိုခြင်းမရှိပေ။

ရခိုင်တပ်မတော်AA မှ ခိုင်သုခကို တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်းမပြုပေ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်း ကျောက်တော်မြို့နယ်၊”သရက်တပင်ရွာတံတား”အနီးတွင် ကျောက်တော်အခြေစိုက်၊ခြေမြန်တပ်ရင်း ၃၇၄ ယာဉ်တန်းကို AA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ခမရ ၃၇၄ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်းကျဆုံးခဲ့ကြောင်း AA နှင့် တပ်မတော် နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခဲ့သည်။

Photo Credit – ဗိုလ်ကြီးကျော်ဇင်လှ၏ မိတ်ဆွေ။

Loading...