Loading...
Friday, December 6, 2019
LocalNewsWOW

မယားငယ္မေလးဘက္ ကေန ျပတ္ျပတ္သားသားရပ္တည္ေပးလိုက္တဲ့ ကာတြန္း ဥကၠာၾကည္ဝင္း

Loading...

မယားငယ္မေလး မာယာခ်ိဳ ဘက္ ကေန ျပတ္ျပတ္သားသား ရပ္တည္ေပးလိုက္တဲ့ ကာတြန္း ဥကၠာၾကည္ဝင္း

Zawgyi

မၾကာေသးခင္နာရီပိုင္းအတြင္း က လူမႈကြန္ရက္ေပၚမွာ ပြဲဆူခဲ့တဲ့ မယားငယ္ေလး မာယာခ်ိဳ ရဲ႕ ဗီဒီယိဳဖိုင္ေတြဟာ ၾကည့္ရႈသူတိုင္း ကို ေဒါသေတြဆူပြက္ေစခဲ့ပါတယ္ ။ဒါေပမယ့္ ထူးထူးျခားျခား မယားငယ္မေလး ဘက္က ေန ဦးဦးဖ်ားဖ်ား ရပ္တည္ေပးလိုက္သူတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ ႏိုင္ငံေက်ာ္ ကာတြန္းဆရာ ဦးဥကၠာၾကည္ဝင္းပါ ။

ဥကၠာၾကည္ဝင္း ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ “မေနႏိုင္လို႔ ဝင္ေျပာလိုက္ဦးမယ္။မယားငယ္မကလို႔ မယားေလး၊ မယားေသး၊ မယားပိစိေကြးပဲ ျဖစ္ေနပါေစ။ ယုတ္စြဆုံး ေငြေၾကးယူၿပီးေပ်ာ္ပါးရတဲ့ ျပည့္တန္ဆာပဲျဖစ္ေနပါေစ။

Loading...

တရားဥပေဒရဲ႕ အကာအကြယ္ကိုရသင့္တယ္။မယားႀကီးဆိုတာနဲ႔ပဲ လူၾကားသူၾကားထဲမွာ၊ အထူးသျဖင့္ တရားဥပေဒစိုးမိုးေရးကိုတာဝန္ယူထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ေရွ႕ေမွာက္မွာ တျခားလူတေယာက္ကို ကိုယ္ထိလက္ေရာက္က်ဴးလြန္တာ ေတာ္ေတာ္႐ုပ္ပ်က္တယ္။

သတၱိရွိရင္ ကိုယ္တေယာက္တည္းသြားဖမ္း။ သူေသကိုယ္ေသ ဝမ္းဝမ္းဆြဲၾက။ ေအးတာပဲ။ခုက်ေတာ့ အုပ္စုလိုက္သြားၿပီးဖမ္းရေအာင္ လူအေယာက္ႏွစ္ဆယ္ေလာက္သတ္ထားတဲ့ စိတၱဇလူသတ္သမားလည္းမဟုတ္ဘူး။ ကဲ ဟုတ္ပါၿပီ။

သက္ေသသကၠာယနဲ႔ အပိုင္ဖမ္းတယ္ဆိုလည္း ခုလို႐ိုက္ေမာင္းပုတ္ေမာင္းလုပ္စရာ မလိုဘူး။ အထူးသျဖင့္ ရဲေတြေရွ႕မွာေပါ့ေလ။တရားဥပေဒဆိုတာ ေက်ာသားရင္သား မခြဲျခားဘူး။မယားႀကီး မယားငယ္ မခြဲျခားဘူး။လင္ႀကီး လင္ငယ္ မခြဲျခားဘူး။

ငါသာ အဲ့ဒီေကာင္မေလးေနရာမွာဆိုရင္ေတာ့ သူ႔ဘာသာသူ တစ္လင္တစ္မယားနဲ႔စြဲစြဲ မ်ိဳးေစာင့္နဲ႔စြဲစြဲ ကိုယ့္ဘက္ကေတာ့ ေယာက်္ားကို ကာမလိမ္လည္မႈနဲ႔ျပန္စြဲမယ္။ မယားႀကီးကို သာမန္(သို႔မဟုတ္)အျပင္းအထန္ နာက်င္ေစမႈနဲ႔ျပန္စြဲမယ္။ ႏိုင္လြတ္လုံနဲ႔ ျပန္စြဲမယ္။” ဆိုျပီးေရးသားထားတာကို ေတြ႕ရပါတယ္။

တရားဥပေဒနဲ႕ ေနထိုင္ၾကတဲ့ ျမန္မာနိုင္ငံၾကီးမွာအခုလိုမ်ိဳးျဖစ္စဥ္ေတြရွိလာတဲ့အခါ ဥပေဒေဘာင္အတြင္းကေန မွန္ကန္စြာတုံ႔ျပန္နိုင္ဖို႕ အေရးၾကီၤးပါတယ္။ ပရိသတ္ၾကီးလည္း ဥကၠာၾကည္ဝင္းရဲ႕ ရပ္တည္မႈအေပၚ မွတ္ခ်က္ေလးေတြေပးခဲ့ၾကပါဦးေနာ္ ။

Source – Okka Kyi Win

===

Unicode

မယားငယ်မလေး မာယာချို ဘက် ကနေ ပြတ်ပြတ်သားသား ရပ်တည်ပေးလိုက်တဲ့ ကာတွန်း ဥက္ကာကြည်ဝင်း

မကြာသေးခင်နာရီပိုင်းအတွင်း က လူမှုကွန်ရက်ပေါ်မှာ ပွဲဆူခဲ့တဲ့ မယားငယ်လေး မာယာချို ရဲ့ ဗီဒီယိုဖိုင်တွေဟာ ကြည့်ရှုသူတိုင်း ကို ဒေါသတွေဆူပွက်စေခဲ့ပါတယ် ။ဒါပေမယ့် ထူးထူးခြားခြား မယားငယ်မလေး ဘက်က နေ ဦးဦးဖျားဖျား ရပ်တည်ပေးလိုက်သူတစ်ယောက် ထွက်ပေါ်လာပါတယ်။ သူကတော့ နိုင်ငံကျော် ကာတွန်းဆရာ ဦးဥက္ကာကြည်ဝင်းပါ ။

ဥက္ကာကြည်ဝင်း ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “မနေနိုင်လို့ ဝင်ပြောလိုက်ဦးမယ်။မယားငယ်မကလို့ မယားလေး၊ မယားသေး၊ မယားပိစိကွေးပဲ ဖြစ်နေပါစေ။ ယုတ်စွဆုံး ငွေကြေးယူပြီးပျော်ပါးရတဲ့ ပြည့်တန်ဆာပဲဖြစ်နေပါစေ။

တရားဥပဒေရဲ့ အကာအကွယ်ကိုရသင့်တယ်။မယားကြီးဆိုတာနဲ့ပဲ လူကြားသူကြားထဲမှာ၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကိုတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ရှေ့မှောက်မှာ တခြားလူတယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တာ တော်တော်ရုပ်ပျက်တယ်။

သတ္တိရှိရင် ကိုယ်တယောက်တည်းသွားဖမ်း။ သူသေကိုယ်သေ ဝမ်းဝမ်းဆွဲကြ။ အေးတာပဲ။ခုကျတော့ အုပ်စုလိုက်သွားပြီးဖမ်းရအောင် လူအယောက်နှစ်ဆယ်လောက်သတ်ထားတဲ့ စိတ္တဇလူသတ်သမားလည်းမဟုတ်ဘူး။ ကဲ ဟုတ်ပါပြီ။

သက်သေသက္ကာယနဲ့ အပိုင်ဖမ်းတယ်ဆိုလည်း ခုလိုရိုက်မောင်းပုတ်မောင်းလုပ်စရာ မလိုဘူး။ အထူးသဖြင့် ရဲတွေရှေ့မှာပေါ့လေ။တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဘူး။မယားကြီး မယားငယ် မခွဲခြားဘူး။လင်ကြီး လင်ငယ် မခွဲခြားဘူး။

ငါသာ အဲ့ဒီကောင်မလေးနေရာမှာဆိုရင်တော့ သူ့ဘာသာသူ တစ်လင်တစ်မယားနဲ့စွဲစွဲ မျိုးစောင့်နဲ့စွဲစွဲ ကိုယ့်ဘက်ကတော့ ယောကျ်ားကို ကာမလိမ်လည်မှုနဲ့ပြန်စွဲမယ်။ မယားကြီးကို သာမန်(သို့မဟုတ်)အပြင်းအထန် နာကျင်စေမှုနဲ့ပြန်စွဲမယ်။ နိုင်လွတ်လုံနဲ့ ပြန်စွဲမယ်။” ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။

တရားဥပဒေနဲ့ နေထိုင်ကြတဲ့ မြန်မာနိုင်ငံကြီးမှာအခုလိုမျိုးဖြစ်စဉ်တွေရှိလာတဲ့အခါ ဥပဒေဘောင်အတွင်းကနေ မှန်ကန်စွာတုံ့ပြန်နိုင်ဖို့ အရေးကြီၤးပါတယ်။ ပရိသတ်ကြီးလည်း ဥက္ကာကြည်ဝင်းရဲ့ ရပ်တည်မှုအပေါ် မှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော် ။

Source – Okka Kyi Win

Loading...