ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ၊ သက္ကယ်သောင်ကျေးရွာတွင် ယမန်နေ့ညက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက စိုက်ထူထားသောအလံများ ၊ အမေစုဓာတ်ပုံ၊ နှင့်
စတစ်ကာများအား ခြေထောက်ဖြင့်ကန်ခြင်း၊ ဖျက်ဆီးခြင်းစသည်တို့ကို လူငယ်တချို့က
ပြုလုပ်ခဲ့ပါသည်။
ယနေ့(၂.၁၁.၂၀၂၀) နံနက်တွင် အဆိုပါလူငယ်များက ၎င်းတို့၏လုပ်ရပ်များ မှားယွင်းကြောင်း
သိရှိပြီး ဝန်ချတောင်းပန် ကန်တော့ပွဲကျင်းပခဲ့ပါသည်။
ထိုကဲ့သို့ အမေစု၏ဓာတ်ပုံ၊ NLDအလံ နှင့် စတစ်ကာများအားဖျက်ဆီးခဲ့သည့် လူငယ်များက
ဝန်ချတောင်းပန်ခဲ့
သည့်အတွက် သက္ကယ်သောင်ကျေးရွာ NLD အလုပ်အမှု ဆောင်အဖွဲ့ကလည်း အဆိုပါ
လူငယ်များကိုခွင့်လွှတ်ကြောင်းပြောကြားခဲ့ပြီး ပစ်မှုအဖြစ်တိုင်ချက်ဖွင့်ရန် စီစဉ်ထားသည့်
အစီစဉ်ကိုဖျတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။
crd#လူငယ်အသံလူငယ့်ဟန်