အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်နဲ့အထက်

အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်နဲ့အထက်ကျနိုင်တဲ့ ပုဒ်မနဲ့တရားစွဲဆိုခံရတဲ့ အဆိုတော် ဖြိုးပြည့်စုံ

လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သတင်းကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံတစ်ယောက် မူးယစ်ဆေးပြားများ လက်ဝယ်တွေ့ရှိမှုနဲ့ အောက်တိုဘာလ (၈) ရက်နေ့က မြန်မာပလာဇာမှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ် ။ ဒီသတင်းနဲ့ပတ်သက်ပြီး ကိုဖြိုးဘက်က ရပ်တည်ပေးကြတဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေလည်း အများအပြားပါပဲ ။ လက်ဝယ်တွေ့ရှိတဲ့ ဆေးပြားတွေကလည်း ထိုင်းနိုင်ငံမှာ ရောင်းချတဲ့ ပူရှိန်းသကြားလုံးသာဖြစ်တယ်လို့လည်း သတင်းတွေထွက်ရှိနေခဲ့ပေမယ့် တရားဝင် သတင်းအတိကျတော့ ဘယ်သူမှမသိရသေးပါဘူး ။

အဆိုတော်ဖြိုးပြည့်စုံအပါအဝင် ( ၃) ဦးကို ဗဟန်းမြို့နယ်တရားရုံးတွင် မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ၁၉(က)/၂၁ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရပါတယ် ။ အဆိုပါပုဒ်မက ပစ်ဒဏ်အရ အနည်းဆုံးထောင်ဒဏ်(၁၀) နှစ်အထက်ချမှတ်နိုင်တယ်လို့ သတင်းရရှိထားပါတယ် ။ ဖြစ်စဉ်ကတော့ လူငယ်အဆိုတော် တေးသံရှင်ဖြိုးပြည့်စုံနဲ့ တေးရေးငြိမ်းချမ်းကို၊ ရော်နီဆန်းလွင်တို့ကို (စက်တင်ဘာ ၇) ရက်နေ့ ညနေက ရန်ကုန်မြို့ Myanmar Plaza အောက်ထပ်မှာရှိတဲ့ Coffee ဆိုင်မှာ မူးယစ်ဆေးဝါးလို့ယူဆရတဲ့ ဆေးပြား(၁၀) ပြားလက်ဝယ်တွေ့ရှိမှုနဲ့ ဗဟန်းရဲစခန်းက ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ် ။

ဖြိုးပြည့်စုံဖမ်းဆီးခံရခြင်းနဲ့ပတ်သတ်ပြီး အနုပညာနယ်ပယ်မှ သူငယ်ချင်းဖြစ်သူများကလည်း ဖြိုးပြည့်စုံဆီက ဖမ်းဆီးရမိတဲ့ ဆေးပြားတွေဟာ မူးယစ်ဆေးမဟုတ်ဘဲ ထိုင်းနိုင်ငံထုတ် ပူရှိန်းဖြစ်ကြောင်း လူမူကွန်ယက်စာမျက်နှာများမှာ ပျံ့နှံ့လျက်ရှိပြီး လက်ရှိမှုးယစ်သံသယမှုနဲ့ ဖမ်းဆီးတာဖြစ်တဲ့အတွက် အာမခံမရရှိကြောင်းသတင်းရရှိထားပါတယ် ။ ပရိသတ်တွေအားလုံးနဲ့ အနုပညာရှင်မောင်နှမတွေက ဒီသတင်းကြောင့်အရမ်းကို စိတ်ထိခိုက်နေကြရတာ ဖြစ်လို့ ပြစ်ဒဏ်လျှော့ပေါ့ပါစေလို့ပဲ မျှော်လင့်ရပါတယ် ပရိသတ်ကြီးရေ ..။

Source : Yangon National News

Molly

Leave a Comment