ကလေးတွေအတွက် သိန်း(၂၀) အလှူငွေရရှိခဲ့လို့ ပျော်နေတဲ့ ခိုင်နှင်းဝေ

သက်ငယ်မုဒိန်းမှုတွေကြောင့် မိဘမဲ့စွာ မွေးဖွားလာတဲ့ ကလေးတွေကို သူမရဲ့သားသမီးတွေလို သဘောထားပြီး မွေးစားထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကတော့ မွန်မြတ်တဲ့ စိတ်ထားလှလှလေးကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမမွေးစားထားတဲ့ သားသမီးတွေအတွက် သိန်း (၂၀) တိတိ လာလှူဒါန်းတဲ့ အလှူရှင်ပေါ်လာတာကြောင့် အရမ်းပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ကလေးတွေအတွက် အခုလို အကူအညီလာပေးတဲ့ SOUL FOUNDATION ကို အရမ်းကျေးဇူးတင်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့ဂေဟာကို လာလှူဒါန်းကြတဲ့ အလှူရှင်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ခိုင်နှင်းဝေကတော့ “SOUL FOUNDATION ရဲ့ ကလေးများအတွက် ၇.၁၀.၂၀၁၉ ငွေကျပ် သိန်း ၂၀ ကိုလာလှူပေးသွားတဲ့အတွက် ကလေးများကိုယ်စားကျေးဇူးတင်ပါရှင်.. ဂေဟာဖြစ်မြောက်ရေးအတွက် ထောက်ပံ့မှုတြွေဖစ်လို့ သာဓုခေါ်ပါတယ်ရှင်🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ မိခင်တစ်ယောက်ရဲ့မေတ္တာတွေ ပြည့်ဝနေတဲ့ ခိုင်နှင်းဝေကတော့ တကယ့်ကို စံပြအမျိုးသမီးတစ်ယောက်ပါပဲနော်။

ခိုင်နှင်းဝေကတော့ လက်ရှိမှာ သမီးလေးတစ်ဦးကို တရားဝင် မွေးစားထားသလို၊ ဂေဟာက သားသမီးတွေကိုလည်း အမြဲမပြတ် ဂရုစိုက်ပေးနေတာတွေ တွေ့ရပါတယ်နော်။သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း၊ လူမှုကူညီရေးနဲ့ ပရဟိတအလုပ်တွေကို ကိုယ်ကြိုးမကြည့်ပဲ ကြိုးစားပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွလည်း အရမ်းကို ပမာဏများတဲ့ အလှူရှင်ကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ခိုင်နှင်းဝေရဲ့အကြောင်းကို ဝေမျှသွားကြပါဦးနော်။

Credit : momolay.com မှ ကူးယူဖော်ပြသည်။

Leave a Comment